လေ့လာသင်ယူခြင်းနှင့် သုံးသပ်ဆင်ခြင်ခြင်းဖြင့် သင်၏ယုံကြည်ခြင်းကို ခိုင်ခံ့စေပါ

စာအုပ် ဖတ်ရှုခြင်း၊ အသံဖြင့် နားထောင်ခြင်း၊ သင်တန်းများ တက်ရောက်ခြင်း စသော မည်သည့်နည်းလမ်းဖြင့် ဖြစ်စေ Hora Ministries သည် ရွေးနှုတ်ခြင်းသမိုင်းစာအုပ်တွဲမှ ဘုရားသခင်နှင့် ပိုမိုနီးကပ်စွာ လျှောက်လှမ်းနိုင်ရန် သင့်အား လမ်းညွှန်ပေးပါသည်။

 

စာအုပ်များ လေ့လာကြည့်ရှုရန်

ကျွန်ုပ်တို့၏ စာအုပ်များ

ရွေးနှုတ်ခြင်းသမိုင်း စာအုပ်တွဲ

စာအုပ် ၁

(Burmese Book 1) – ကမ္ဘာဦးဆွေစဉ်မျိုးဆက်များ

ရွေးနှုတ်ခြင်းသမိုင်းတွင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း

စာအုပ် ၂

(Burmese Book 2) – မီးခွက်ပဋိညာဉ်

ထွက်မြောက်ခြင်းနှင့် ကန္တာရခရီးသမိုင်းရာဇဝင်တွင် မေ့လျော့ခြင်းခံရသည့် တွေ့ဆုံခြင်း

စာအုပ် ၃

(Burmese Book 3) – မငြိမ်းနိုင်သော မီးအိမ်ပဋိညာဉ်

ယေရှုခရစ်၏ ဆွေစဉ်မျိုးဆက်တွင် ပထမဆုံး တစ်ဆယ့်လေးမျိုးဆက်

စာအုပ် ၄

(Burmese Book 4) – ဘုရားသခင်၏ လျို့ဝှက်ဆန်းကြယ်သော ကွယ်ကာစောင့်မတော်မူခြင်း

ဒါဝိဒ်မင်းလက်ထက်မှ ဗာဗုလုန်သို့ ပြည်နှင်ခြင်းခံရသည်အထိ ယေရှုခရစ်တော်၏ ဆွေစဉ်မျိုးဆက်စာရင်းတွင် ဖော်ပြခြင်း

စာအုပ် ၅

(Burmese Book 5) – ထာဝရတည်သော ပဋိညာဉ် ကတိတော်

ယေရှုခရစ်၏ ဆွေစဉ်မျိုးဆက်၌ ဖော်ပြထားသည့် ဘုရားသခင်၏ နက်နဲသိမ်မွေ့သော ကြည့်ရှုစောင့်မခြင်း (ပြည်နှင်ခံရခြင်း နောက်ပိုင်းကာလ)

စာအုပ် ၆

(Burmese Book 6) – ပဋိညာဉ် ကျိန်ဆိုခြင်းပြုသော ထာဝရ ယဇ်ပုရောဟိတ်မင်း

အာရုန်မှ ဖိနဟတ်အထိ ယဇ်ပုရောဟိတ် မျိုးဆက် ၇၇ ဆက်၏ သမိုင်း

စာအုပ် ၇

(Burmese Book 7) – မျိုးဆက်များအားလုံးအတွက် ထာဝရပဋိညာဉ် ပညတ်တော်ဆယ်ပါး

ရွေးနှုတ်ခြင်းသမိုင်းတွင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း

စာအုပ် ၈

(Burmese Book 8) – COMING SOON မကြာမီလာမည်

Ten Plagues, Exodus, and Entry Into Canaan

စာအုပ် ၉

(Burmese Book 9) – COMING SOON မကြာမီလာမည်

The Details of the Tabernacle and the Ark of the Covenant and Its History of Movement

စာအုပ် ၁၀

(Burmese Book 10) – COMING SOON မကြာမီလာမည်

Cosmic Blessing to Abraham and Redemptive Fulfillment Through His Obedience

စာအုပ် ၁၁ က

(Burmese Book 11A) – COMING SOON မကြာမီလာမည်

The Ideal Look of the New Temple Shown to Ezekiel and the Mysterious Administration of Redemption Contained Within it

စာအုပ် ၁၁ ခ

(Burmese Book 11B) – COMING SOON မကြာမီလာမည်

The Building Process of Zerubbabel’s Temple and the Walls of Jerusalem, the Mysterious Redemptive Administration in the Genealogies of the…

သက်သေခံချက်များ

ဓမ္မအမှုတော် ခေါင်းဆောင်များ ပြောသော မှတ်ချက်များ

“ဤစာအုပ်သည် သူ၏ ကြီးမြတ်သော ဓမ္မအမှုတော်နှင့် သင်းအုပ်အမှုကို ဆောင်နေသည့် ကြီးမားသော အသင်းတော် အကြောင်းကို ရှင်းပြထားပါသည်။ ကျမ်းစာကို စေ့စပ်သေချာစွာ လေ့လာမှုနှင့်အတူ သမ္မာကျမ်းစာအပေါ် နက်နဲကျယ်ပြန့်စွာ နားလည်သောသူတစ်ဦးမှ ရေးသားထားခြင်း ဖြစ်ပါသည်။ ဤစာအုပ်သည် ဖန်ဆင်းခြင်း၏ မူလအစ၊ ကမ္ဘာဦးဆိုင်ရာ အကြောင်းအရာထက်ပင် နက်နဲသာလွန်သဖြင့်၊ သိက္ခာတော်ရ ဒေါက်တာ ပါ့ခ်သည် ဘိုးဘေးများ၏ ဆွေစဉ်မျိုးဆက်များမှ ကယ်တင်ခြင်း သမိုင်းနှင့် ရွေးနှုတ်ခြင်း၏ အရေးပါသော အခြေခံအုတ်မြစ်ကို ရှာတွေ့ထားပါသည်။ သူ၏ရှုထောင့်အမြင်သည် စာဖတ်သူတို့အား ဘိုးဘေးများ၏ ဘဝဇာတ်လမ်းကို ၎င်းတို့ဘဝ၏ ဇာတ်လမ်းအဖြစ်အပျက် အဖြစ်သာ မရှုမြင်စေဘဲ၊ ယနေ့ ကျွန်ုပ်တို့၏ မျိုးဆက်နှင့် ဆက်စပ်မှုရှိသော ပကတိပုံစံအဖြစ် ရှုမြင်စေပါသည်။ သမ္မာကျမ်းစာကို ‘မိမိတို့၏အကြောင်း’ အဖြစ်သို့ ပြောင်းလဲပေးခြင်းသည် ဤစာအုပ်၏ ထူးခြား ပြောင်မြောက်လှသော အောင်မြင်မှုတစ်ရပ်ပင် ဖြစ်ပါသည်။”

—Dr. Kyung-Bae Min, Th.D. ဂုဏ်ထူးဆောင် ပါမောက္ခ၊ Yonsei University, Seoul

“သမ္မာကျမ်းစာ၏ ဝိညာဉ်ရေးရာ လျှို့ဝှက်နက်နဲမှုများကို ဖွင့်ဟသွန်သင်ပေးသော သိက္ခာတော်ရ ဒေါက်တာ ပါ့ခ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ရှားပါးလာသော ယနေ့ ရှုပ်ထွေးမှုန်ဝါးနေသည့် ခေတ်ကာလအတွင်း ဘုရားသခင် ကျွန်ုပ်တို့ထံ စေလွှတ်တော်မူသော ဘာသာစကား၌ ကျွမ်းကျင်ပါရမီရှင်တစ်ဦးပင် ဖြစ်ပေ၏။ ဓမ္မဗေဒ ပညာရှင်များပင် အလွယ်တကူ မဖြေရှင်းနိုင်သည့် အငြင်းပွားဖွယ် အကြောင်းအရာများစွာကို ဆွေးနွေးတင်ပြ ထားပါသဖြင့် အံ့မခန်း ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ရပ်ပင် ဖြစ်ပါသည်။ ကမ္ဘာဦး ဆွေစဉ်မျိုးဆက်များ စာအုပ်သည် ယုံကြည်သူတို့၏ ဝိညာဉ်ရေးရာ ဆာငတ်မှုများကို ဖြည့်ဆည်းပေးသည်သာမက ယုံကြည်ခြင်း၌သာ၍ ရင့်ကျက်သော အသက်တာကို တောင့်တသောသူများ အတွက်လည်း မဖြစ်မနေ ဖတ်ရှုသင့်သော စာအုပ် ဖြစ်သောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ အသင်းတော်များအားလုံးထံသို့ ဝမ်းမြောက်ဂုဏ်ယူစွာ အကြံပြုထောက်ခံအပ်ပါသည်။

—Dr. Andrew J. Tesia, Ph.D. Research Institute of Reformed Theology, Los Angeles ၏ဥက္ကဋ္ဌ

“ယနေ့ထိတိုင်၊ ယေရှုခရစ်၏ ဆွေစဉ်မျိုးဆက်တွင် ပါဝင်သည့် ရွေးနှုတ်ခြင်း သမိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ဓမ္မဟောင်းကျမ်းထဲမှ သမိုင်းဆိုင်ရာ နောက်ကြောင်းလိုက် လေ့လာခြင်းကို မည်သည့် ဓမ္မပညာရှင် သို့မဟုတ် သင်းအုပ်ဆရာတစ်ဦးကမျှ ကြိုးပမ်းအားထုတ်ခြင်း မရှိသေးပါ။”

—Dr. Yeong-Su Ye ဥက္ကဋ္ဌ၊ International Council of Churches and Ministries ၏ဥက္ကဋ္ဌ

“သူ၏ ဓမ္မအယူဝါဒသည် ရိုးရှင်းစွာ ဆိုရလျှင် ရွေးနှုတ်ခြင်းသမိုင်းနှင့် ပဋိညာဉ်ဆိုင်ရာ အကြောင်းအရာအပေါ် အခြေခံထားပါသည်။ သမ္မာကျမ်းစာသည် ပဋိညာဉ် ကျမ်းစာစောင်ဖြစ်ပြီး၊ ထိုအထဲမှ ပထမဆုံး ပဋိညာဉ်သည် ကမ္ဘာဦး ၃:၁၅ တွင် အာဒံနှင့် ဧဝတို့ ကျဆုံးပြီးနောက် ပေးသနားခဲ့သော မိန်းမ၏အမျိုးအနွယ်ဆိုင်ရာ ကတိတော်ပင် ဖြစ်သည်။ ဘုရားသခင်သည် ယေရှုခရစ် ကြွဆင်းလာ၍ ပဋိညာဉ်တရားသစ်ကို တည်ထောင်တော်မူချိန်အထိ သူ၏ပဋိညာဉ်တော်ကို ဆက်လက် အသစ်ပြုပြင် တော်မူသည်။ စာရေးသူက ယေရှုခရစ်၏ ဆွေစဉ်မျိုးဆက်ဇယားမှတစ်ဆင့် ထိုအကြောင်းအရာကို ရှင်းလင်းစွာ တင်ပြထားပါသည်။”

—Bishop Kwang-Young Jang ကိုရီးယားနိုင်ငံ၊ Bishops Association of the Methodist Church ၏ဥက္ကဋ္ဌဟောင်း

“ကျွန်ုပ်သည် အခုအချိန်ထိ ကိုယ်တိုင်စာအုပ်ပေါင်း ၄၀ ကျော် ရေးသားခဲ့ပါသည်။ ဤစာအုပ်ကို ရေးသားသူမှာ ကျွန်ုပ်နှင့် လုံးဝခြားနားသည့် အားသာချက်တွင် ရှိနေသည်ကို တွေ့ရပါသည်။ ကျွန်ုပ်၏ ရေးသားချက်များသည် ပညာရပ် ဆိုင်ရာ လေ့လာမှုတစ်ရပ်သာ ဖြစ်၍ ဤစာအုပ် ရေးသားသူ၏ အရေးအသားများသည် သမ္မာကျမ်းစာ တစ်ခုလုံးကို ထိုးဖောက်နားလည်နိုင်သည့် နက်နဲသော ဝိညာဉ်ရေးရာ လေ့လာမှုပင် ဖြစ်ပါသည်။ ရွေးနှုတ်ခြင်းသမိုင်း စာအုပ်တွဲသည် သမ္မာကျမ်းစာကို စေ့စပ်သေချာစွာ နားလည်မှုနှင့် နက်ရှိုင်းစွာ ထိုးထွင်းသိမြင်မှု မရှိဘဲ မဖြစ်နိုင်သော လက်ရာပင် ဖြစ်ပေ၏။ ယေရှု၏ မျိုးရိုးစဉ်ဆက်ဆိုင်ရာ အပိုင်းများကို သူဖော်ပြသည့် ပုံစံမျိုးဖြင့် ယနေ့တိုင် မည်သည့် အခြားပညာရှင် သို့မဟုတ် ဓမ္မပညာရှင်ပင် မလုပ်နိုင်သော အရာပင် ဖြစ်သည်။ ဤစာအုပ်မှတစ်ဆင့်၊ စာရေးသူသည် ကမ္ဘာကြီး၊ အသင်းတော်နှင့် ပညာဗေဒဆိုင်ရာများ လိုက်နာကျင့်သုံးရမည့် ယုံကြည်ခြင်းလမ်းစဉ်ကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ဤစာအုပ်သည် ဝိညာဉ်ရေးရာ ဆာလောင်မွတ်သိပ်နေသော ကာလတွင် ကိုရီးယား အသင်းတော်အပေါ် ချိုမြိန်သည့် ကောင်းချီးမင်္ဂလာ မိုးစက်များပင်ဖြစ်သည်ဟု ကျွန်ုပ် ယုံကြည်မိပါသည်။”

—Dr. Yong-Kook Wone Anyang University မှ ဂုဏ်ထူးဆောင် ပါမောက္ခ၊ Korean Biblical Archaeology Society ၏ အကြံပေး

“ဒေါက်တာ အာဗြဟံ ပါ့ခ်၏ ဘဝတစ်ခုလုံး အောင်မြင်မှု လက်ရာဖြစ်သော ရွေးနှုတ်ခြင်းသမိုင်း စာအုပ်တွဲသည် သူ၏နက်နဲသော ရီဖော့(မ်) ယုံကြည်ခြင်းထဲမှ အမြစ်တွယ် ဆင်းသက်လာခြင်း ဖြစ်သည်။ ရီဖော့(မ်) သင်းအုပ်တစ်ပါး အဖြစ် ပဋိညာဉ်ဆိုင်ရာ သီအိုလိုဂျီအပေါ် သူ၏ဆက်ကပ်အပ်နှံမှု ထက်ပို၍ အမှတ်အသား ပြုပေးသော အယူအဆ မရှိပါ။ ဤအကြောင်းအရာ တစ်ခုတည်းကပင် သမ္မာကျမ်းစာ၏ ပြိုင်ဘက်ကင်းသော အခွင့်အာဏာဖြစ်မှု၊ ပဋိညာဉ်တရားအတွင်း သူ၏ ကယ်တင်ခြင်းဆိုင်ရာ ရည်ရွယ်ချက်အတွက် သမိုင်းတစ်လုံးကို ညွှန်ပြနေသော ဘုရားသခင်၏ တစ်ပါးတည်းသော အချုပ်အခြာအာဏာတော်၊ မိန်းမ၏အမျိုးအနွယ်အဖြစ် အပျိုကညာမှ ဖွားမြင်တော်မူသည့် လူသားမျိုးနွယ်၏ တစ်ပါးတည်းသော ကယ်တင်ရှင် ယေရှုခရစ်၏ အတုမရှိခြင်းတို့ကို ဖော်ပြထားပါသည်။ Dr. Park ၏အသက်တာနှင့် ဓမ္မအမှုတော်သည် ရီဖော့(မ်) သီအိုလိုဂျီနှင့် ဝန်ခံချက်ဆိုင်ရာ ဓမ္မဒဿနအပေါ် အချက်အချာကျ၍ ထိုအပေါ် အထူးအရေးပါသော ရပ်တည်မှုကို သက်သေပြနေပါသည်။ သူ၏တစ်သက်တာလုံး မြှုပ်နှံထားသည့် လက်ရာသည် ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်တရား၌ သစ္စာရှိခြင်းနှင့်စပ်ဆိုင်သော ဆွေစဉ်မျိုးဆက်ဇယားကို ဖော်ထုတ်တင်ပြပေးခြင်းပင် ဖြစ်ပါသည်။”

—Dr. Warren Gage Emeritus of Knox Theological Seminary ၏ ပါမောက္ခ